Tuesday, June 18, 2019

အချစ်ကြောင့်ပူဆွေးနေရတယ်

London Heathrow Airport လေဆိပ်မှာ ဆံပင်စုတ်ဖွားဖွား၊ ရှပ်အကျီအမဲရောင်၊ ဂျင်းဘောင်းဘီ ပြာညစ်ညစ် နှင့် ကောင်လေးတစ်ယောက် ဟိုကြည့်၊ ဒီကြည့်၊ နာရီကြည့်လိုက်နှင့် လူရှာနေဟန် တူသည်။ အင်္ဂလိပ်စကား မတောက်တခေါက်နှင့် လေဆိပ်ဝန်ထမ်းကို ဘန်ကောက်မှ လေယာဉ် ဘယ်အချိန် ဆိုက်မလဲ မေးရသည်။ ညနေ ၇ နာရီ ခွဲ ကျော်ပြီ ဖြစ်တာမို့ လေယာဉ်ဆိုက်တဲ့ အကြောင်း ကြေငြာထားတဲ့ ဘုတ်ကို ကြည့်ပြီး လေယာဉ်ကတော့ ဆိုက်နေပြီ ဖြစ်ကြောင်း အခု လူဝင်မှု ကြီးကြပ်ရေးတွေ ရှိနေနိုင်ကြောင်း ပြောသည်။ စောင့်နေရင်း ခံတွင်း ချဉ်လာသောကြောင့် smoking room ထဲ ဝင်ကာ ဆေးလိပ် ၁ လိပ် ဖွာရှိုက်လိုက်သည်။ ဆေးလိပ်ကုန်တော့မှ ခုဏက စောင့်သည့်နေရာတွင် ပြန်သွား စောင့်နေလိုက်သည်။ ထိုသူမှာ မိန်းမဖြစ်သူ ကို စောင့်နေသည့် နောင်ရဲ ပင် ဖြစ်သည်။
“ကို… ဒီမှာ…”
“ချစ်ငယ်…”
“ကို… ဝလာတယ်နော်…”
“ချစ်ငယ်လည်း ဝလာတာပဲဟာ…”
“ကိုနော်… အဲ့ဒါကြောင့် ကို့ကြောင့်… ကို့ရင်သွေးကို ဗိုက်ထဲ ထည့်ထားလို့လေ…”
“ဟားဟားဟား…”
“လေယာဉ်စီးရတာ အဆင်ပြေလား…”
“ညောင်းကိုက်နေတာပဲ… ကိုရာ… လေယာဉ်ကလည်း အကြာကြီး စီးရတယ်… ဟိုဘက် ဒီဘက်လည်း လှည့်လို့ မရ… တော်သေးတယ်… လေယာဉ်ရဲ့ အရှေ့နားမှာ ထိုင်ခုံ ရလို့… ဗိုက်ကြီးနေလို့ ဆိုပြီး ဦးစားပေးထိုင်ခုံလေ… အရှေ့မှာ ထိုင်ခုံ မရှိပဲ နေရာ နည်းနည်းလွတ်တော့ ခြေလက် ဆန့်လို့ ရတာ…”
“တော်သေးတာပေါ့… ဗိုက်ဆာပြီလား…”
“အင်း… လေယာဉ်ပေါ်မှာ စားလာသေးတယ်… ဒါတောင် ဆာနေတုန်း…”
“ဟားဟား… မဗိုက် ဖြစ်နေတာကိုး… ၂ ယောက်စာ ဆိုတော့ ဆာမှာပေါ့… လာ… ဒီက အစားအစာ မြည်းကြည့်လိုက်ဦး…”
“ဟုတ်…”
“ဗိုက်ထဲက သားသားလေးရော နေကောင်းလား…”
“ကောင်းပါ့တော်… သူ့အဖေလိုပဲ ဘောကန်သလို အမေကို ဗိုက်ထဲကနေ ကန်တာ…”
“ဟားဟားဟား…”
လေဆိပ်ထဲက စားသောက်ဆိုင်မှာပဲ ဝင်စားဖြစ်သည်။ အဓိက အစားအစာတွေကတော့ အာလူး၊ ဝက်အူချောင်း၊ ကြက်ဥကြော်၊ ခရမ်းချဉ်သီးဆော့စ် နဲ့ ပေါင်မုန့်တွေသာ အများဆုံး ဖြစ်သည်။ ချစ်ငယ်ကတော့ ခံတွင်း မတွေ့ဘူး ဆိုကာ တစ်ဝက်လောက်ပဲ စားသည်။ ထို့နောက် ရထားစီးပြီး နာရီဝက်လောက် အကွာအဝေး ဖြစ်သည့် မိမိနေထိုင်ရာ အခန်းငယ်လေးဆီသို့ ပြန်လာကြသည်။ ချစ်ငယ်သည် မြင်မြင်သမျှ ငေးကြည့်ကာ အံ့အားသင့်နေသည်။ နောင်ရဲလည်း စရောက်ချင်းတုန်းက ချစ်ငယ်လိုပင်။ ဟိုငေး ဒီငေးပေါ့။ ကြာတော့လည်း ဒါတွေပဲ အမြဲတွေ့နေရတော့ ရိုးသွားသည်လေ။ နောင်ရဲ ဒီနိုင်ငံကို ရောက်တာ ၂ နှစ်ပြည့်တော့မည်။ ဟိုတခေါက် ပြန်တုန်းကတော့ ချစ်ငယ်နှင့် တိုင်ပင်ကာ ကလေးယူရန် ဆုံးဖြတ်လိုက်သည်။ ပြီးတော့ ဒီနိုင်ငံကို ခေါ်လာပြီး မွေးမည်။ ကလေး ၁ နှစ်လောက် အရွယ်ရောက်ရင် nursery ပို့ပြီး ချစ်ငယ်က အချိန်ပိုင်း အလုပ် ထွက်လုပ်မည်။ ဒီလိုပဲ ရုန်းကန်ရန် ဆုံးဖြတ်လိုက်သည်။
နေထိုင်ရာ အခန်းငယ်လေး ရောက်တော့ ည ၉ နာရီကျော်နေပြီ ဖြစ်သည်။ ချစ်ငယ်က လန်းသွားအောင် ရေချိုးချင်သည် ပြောသဖြင့် ရေချိုးခန်းကို လမ်းညွှန်ကာ နောင်ရဲက ချစ်ငယ်ရဲ့ အထုပ်တွေကို ရှင်းပေးနေသည်။ ချစ်ငယ် ရေချိုးပြီးတော့ ပြန်ထွက်လာတော့၊ ဗိုက်ကြီးကို တဘက်ပတ်ထားသည်က ပူစီဖောင်းကြီးကို ပတ်ထားသည်နှင့် တူနေသည်။ ကိုယ်ဝန်က ၈ လ လောက် ရှိပြီလေ။ နောက် ၁ – ၂ လ လောက်ဆိုရင် သားလေးက အပြင်ထွက်တော့မည်။ ချစ်ငယ် ရေချိုးပြီးတော့ နောင်ရဲလည်း ရေချိုးခန်း ဝင်ကာ သွားတိုက်ပြီး ရေချိုးလိုက်သည်။ နောင်ရဲ ရေချိုးပြီး အပြင်ထွက်လာတော့ ချစ်ငယ်က ကုတင်ပေါ်မှာ လှဲနေရာက ပြုံးပြီး ကြည့်နေသည်။ ရေမြန်မြန်သုတ်ပြီး၊ ညဝတ်အကျီဝတ်ကာ ချစ်ငယ် ရှိရာ ကုတင်ပေါ်ကို တက်လိုက်သည်။
“ကို… ချစ်ငယ် အနားကို လာလေ…”
“အင်း…”
“ကိုနဲ့ ခွဲနေရတာ ၇ လ ကျော်လောက်ရှိတော့မယ်… ဆာနေလား… ကို…”
“အင်း… ဆာတာပေါ့…”
“လုပ်ချင်လား… ကို…”
“ချစ်ငယ်က ခွင့်ပြုမှာလား…”
“ကို လုပ်ချင်တယ်ဆို လုပ်လေ… ဖြည်းဖြည်းတော့ လုပ်နော်…”
“အင်း…”
“နေဦး… ကို… ထ ထိုင်လိုက်… ကိုရဲ့ ညီလေးကို ကြည့်ရအောင်… မမြင်ရတာ ကြာပြီ…”
နောင်ရဲလည်း ထ ထိုင်လိုက်ကာ၊ ချစ်ငယ်ရဲ့ မျက်နှာနားကို ကပ်ပေးလိုက်သည်။ ချစ်ငယ်က ညီလေးကို တစိမ့်စိမ့်ကြည့်ကာ၊ လက်ဖဝါးနုနုလေးနှင့် စုတ်ကိုင်လိုက်သည်။ ရှေ့တိုးနောက်ဆုတ်နှင့် ကွင်းတိုက်ပေးရာမှ၊ ညီလေးကို သူ့ပါးစပ်နားထိ အတင်း ဆွဲလိုက်သည်။ သူကမှ မထနိုင်တာ။ ဗိုက်ကြီးက တစ်နေပြီလေ။ နောင်ရဲလည်း သူ ဆွဲခေါ်ရာ အရှေ့ နည်းနည်း တိုးပေးလိုက်သည်။ သူ့နှုတ်ခမ်းရဲရဲလေးတွေက ညီလေးရဲ့ ထိပ်ကို စုပ်နေသည်။ လျှာလေးနဲ့ တို့လိုက်၊ ထိပ်တစ်ခုလုံးကို ငုံစုပ်လိုက်နှင့်၊ ညီလေးက တဖြည်းဖြည်း မတ်မတ်ထောင်လာသည်။
“ကို… ချစ်ငယ်ကိုလည်း လုပ်ပေးကွာ…”
“အင်း… လုပ်ပေးရမှာပေါ့…”
ချစ်ငယ် ပါးစပ်ထဲမှ ညီလေးကို ဆွဲထုတ်လိုက်သောအခါ ပြွတ်ကနဲ မြည်သွားသည်။ ချစ်ငယ်ရဲ့ နို့ကြီးတွေက တင်းနေသည်။ ကြီးပြီး လုံးဝန်းနေသည်။ နို့ကြီးတွေကို အားရပါးရ ကိုင်ပြီး စို့လိုက်သည်။ ဗိုက်ထဲက သားသား ထွက်လာရင် သူစို့ဘို့ အချိန် ရမှာ မဟုတ်။ ခုထဲက အားရပါးရ စို့ထားရမည်။ နို့ကြီးတွေကို စို့လိုက်၊ နယ်လိုက်နှင့်မို့ ချစ်ငယ်ဆီကနေ တအင်းအင်း အသံ တိုးတိုးလေး ထွက်လာသည်။ နို့စို့နေရာမှ ဗိုက်ကြီး ချွန်ချွန်ဖောင်းဖောင်းကြီးကို နမ်းကာ ညီမလေး ဆီသို့ ရန်ရှာရန် အားပြုလိုက်သည်။ ညီမလေးက အရည်တွေ စိုရွှဲနေသည်။ ကြားဖူး၊ ဖတ်ဖူးသမျှတော့ ကိုယ်ဝန်ဆောင် မိန်းမတွေရဲ့ ညီမလေးသည် လမ်းကြောင်း တဖြည်းဖြည်း တိုလာကာ၊ သွေးကြောတွေ များလာပြီး နီရဲရဲနှင့် အရည်တွေလည်း ရွှဲတတ်သည်ဟု မှတ်သားဖူးသည်။ ညီမလေးဆီက အရည်တွေကို လျှာနှင့် အကုန် ယက်လိုက်ကာ မြိုချလိုက်သည်။ ထို့နောက် ရသာဖူးကို လျှာနှင့် တို့ကာ ဖိချလိုက်၊ ယက်လိုက် လုပ်လိုက်သည်။ ရသာဖူးကိုပဲ လက်မ၊ လက်ညှိုးနှင့် ညှစ်ကာ ပိုထွက်လာအောင် လုပ်ပြီး လျှာနှင့် ယက်လိုက်သည်။ ချစ်ငယ်ဆီမှ အသံတွေ ဗြောင်းဆန်အောင် ထွက်လာသည်။
“ကို… ကောင်းလိုက်တာ… အား… ကို… ချစ်ငယ်ကို လုပ်ပေးတော့နော်… ကို့ညီလေးကို ချစ်ငယ်ထဲ ထည့်ပေးတော့…”
နောင်ရဲလည်း ညီလေးကို အရင်းကနေ ကိုင်ကာ ချစ်ငယ်ရဲ့ ညီမလေးထဲ ထည့်လိုက်သည်။ မလုပ်တာ ကြာလို့လား၊ ကိုယ်ဝန်ဆောင်သည် ဖြစ်နေလို့လား မပြောတတ်။ လုပ်လို့ အရမ်းကောင်းသည်။ ပူပူနွေးနွေး ညီမလေးဖောင်းဖောင်းထဲကို ဝင်လိုက် ထွက်လိုက် လုပ်နေသည်က အရမ်းကောင်းနေသည်။ ပြီးတော့ အရင်လို အဆုံးထိ ထိုးထည့်လို့ မရဘူး။ တခုခုက ခံထားသလိုဖြစ်ကာ တဝက်လောက်ပဲ ထည့်လို့ရသည်။ ပူနွေးတဲ့ ညီမလေး ဖောင်းဖောင်းက တခါတခါ ညှစ်လိုက်တဲ့ အတွက် ညီလေးရဲ့ ထိပ်တွေ ကျင်တက်သွားသည်။ ချစ်ငယ်ဆီက ကောင်းလို့ အော်သံရော၊ မောဟိုက်သံရော စုံနေသည်။ အချက် ၃၀ လောက် ဆောင့် အပြီးမှာ ညီလေးဆီက အချစ်ရည်တွေ ချစ်ငယ် ကိုယ်ထဲကို ပန်းထွက်သွားသည်။
“ကို… ကျေနပ်ပြီလား…”
“အင်း… ချစ်ငယ်ရော မောနေပြီလား…”
“နည်းနည်းမောတယ်… ပြီးတော့ လေယာဉ် စီးထားရတော့ ခြေလက်တွေ ညောင်းနေတယ်…”
“ဒါဆို ကို နှိပ်ပေးမယ်လေ…”
“ခိခိ… အဲ့ဒါတွေကြောင့် ကို့ကို ချစ်နေရတာ… အလိုက် အရမ်းသိတယ်…”
စောင်ပါးပါးလေးကို ချစ်ငယ် ကိုယ်ပေါ် ခြုံပေးလိုက်သည်။ ထို့နောက် နောင်ရဲလည်း ရေချိုးခန်း သွားရမှာ ပျင်းသောကြောင့် wet tissue ဖြင့်ပင် ညီလေးကို သုတ်သင်ဆေးကြောလိုက်သည်။ ညဝတ်အကျီကို ပြန်ဝတ်ကာ ချစ်ငယ်ရဲ့ ခြေဖဝါးကနေ စပြီး နှိပ်ပေးနေသည်။
“ကို… ကန်တော့နော်… ချစ်တယ်… ကို…”
နောင်ရဲလည်း ချစ်ငယ်ကို ပြုံးပြကာ ဆက်နှိပ်ပေးနေသည်။ ခဏနေတော့ ချစ်ငယ်ဆီမှ ဟောက်သံ ကြားလာသည်။ ခဏလေး ဆက်နှိပ်ပြီးမှ နောင်ရဲ အိပ်မည်ဟု တွေးလိုက်သည်။ ခြေသလုံးကို နှိပ်ပေးလိုက်သည်။ ခြေသလုံးကို ကိုင်ပြီး နှိပ်လိုက်တော့ သွေးကြောတွေက မာတောင့်တောင့်လေးတွေ ဖြစ်နေသည်။ ဒါနဲ့ပဲ၊ အားနှင့် သုံးကာ ဖိပြီး နှိပ်လိုက်သည်။ အဲ့ဒီတော့မှ သွေးကြောတွေ ပြေလျော့သွားဟန် ရှိသည်။ အကြောတင်းနေလို့ မာနေသည်ဟု ထင်မိသည်။ ခဏကြာတော့ နောင်ရဲလည်း ချစ်ငယ် ဘေးမှာ ဝင်ပြီး အိပ်နေလိုက်သည်။
မနက်မိုးလင်းတော့ ပုံမှန် ထ နေကျအချိန်တိုင်း ၆ နာရီကို နိုးလာသည်။ ချစ်ငယ်ကို ကြည့်လိုက်တော့၊ တမျိုးကြီး ဖြစ်နေသည်။ နဖူးကို နမ်းလိုက်သည်။ အေးစက်စက်ကြီး ဖြစ်နေသည်။ စိုးရိမ်စိတ်တွေ ဝင်လာသည်။
“ချစ်ငယ်… ချစ်ငယ်… ထတော့…” (တုတ်တုတ်မျှ မလှုပ်)
“ချစ်ငယ်… ကို့ကို စနေတာလား… ထတော့…”
“ထတော့… ကို့ကို စနေတယ်ဆိုလည်း တော်တော့နော်… ထတော့… ချစ်ငယ်…” (အသံက ငိုသံပါလာသည်)
ဆေးရုံဆီ အမြန် ဖုန်းဆက်ပြီး ဆေးရုံကား ခေါ်ရသည်။ အရေးပေါ်ခန်းထဲကို အရင် ခေါ်သွားကာ စစ်ဆေးနေကြသည်။ ထို့နောက် ဆရာဝန် တစ်ယောက် ထွက်လာကာ စကားလာပြောသည်။
“စိတ်မကောင်းပါဘူး… ကလေးမိခင်ရော ကလေးရော အသက်မရှိတော့ပါဘူး… ဖြစ်နိုင်ခြေ ရှိတာက နှလုံးနဲ့ ဦးနှောက်တွေမှာ သွေးခဲတွေ သွားပိတ်ဟန် ရှိတယ်… ကျနော်တို့ကို ရင်ခွဲစစ်ဆေးခွင့်ပေးပါ…”
နောင်ရဲမှာ ပြောစရာ စကား မရှိတော့။ သူတို့ စီမံသလိုပင် လုပ်ခိုင်းလိုက်သည်။ ၂ နာရီလောက်ကြာတော့ ခုဏက ဆရာဝန်နှင့် ပြန်တွေ့ရသည်။
“ရင်ခွဲစစ်ဆေးမှု အဖြေက ကျနော်တို့ ခုဏက ခန့်မှန်းထားတဲ့ အတိုင်းပဲဗျ… ကိုယ်ဝန်ဆောင်တွေရဲ့ သွေးကြောတွေ အထူးသဖြင့် ခြေထောက်က သွေးကြောတွေမှာ သွေးတွေက ပြစ်ပြီး ခဲပြီး သွေးကြောနံရံတွေမှာ တွယ်ကပ်တတ်တယ်… အဲ့ဒါကို ဆေးသုံးပြီမှ အရည်ပျော်အောင် လုပ်လို့ ရမှာ… မဟုတ်ရင် အခြေအနေ တစ်ခုခုကြောင့် သွေးခဲတွေက နံရံက ပြုတ်ထွက်ပြီး… နှလုံး… အဆုတ်… ဦးနှောက်တွေမှာ သွားပိတ်ရင် သေတတ်တယ်… ဒါ့ကြောင့် ကိုယ်ဝန်ဆောင်သည် ကို နှိပ်ပေးလို့ မရဘူး… အခုက အဲ့လို အခြေအနေပါ… ပြီးတော့ ကလေးအမေက မနေ့ကမှ လေယာဉ်စီးပြီး ဒီကို ရောက်တယ်လို့ ပြောထားတယ်… လေယာဉ်အကြာကြီး စီးရင်လည်း သွေးကြောထဲမှာ လေတွေ (gas) စုပြီး သွေးကြောလေးတွေကို ပိတ်တတ်ပါတယ်… သေဆုံးချိန်ကို ခန့်မှန်းချက်အရ ၆ နာရီကျော် ကြာပြီ လို့ ခန့်မှန်းပါတယ်… မိခင် သေဆုံးသွားတော့ ဗိုက်ထဲက ကလေးဆီလည်း သွေးမရောက်တော့ပဲ ကလေးပါ အသက်ဆုံးရှုံးသွားတာပါ…”
နောင်ရဲ ငိုကြွေးနေပြီလေ။ လုံးဝ မျှော်လင့်မထားပါ။ ချစ်ရသော ချစ်ငယ် နှင့် မိမိတို့၏ သားလေးကို ကိုယ်တိုင် သတ်မိသလို ဖြစ်သွားသလား။ ချစ်ငယ် နောက်ဆုံး ပြောသွားတဲ့ ချစ်တယ် ဆိုတဲ့ စကားလေးပဲ ပြန်ကြားယောင်နေမိတယ်။
“ချစ်ငယ်… သားလေး… အဖေ့ကို ခွင့်မလွှတ်လိုက်ပါနဲ့…”